လ - ဇူလိုင် 2020

စိမ်းလန်းသောသစ်ပင်

ကျွန်ုပ်၌ ပစ္စည်းစုဆောင်းလိုစိတ်အမြဲရှိသည်။ ငယ်စဉ်က တံဆိပ်ခေါင်းများ၊ ဘေ့စ်ဘော ကတ်များ၊ ကာတွန်းစာအုပ်များကို စုခဲ့သည်။ ယခု မိဘဖြစ်လာချိန်တွင် ကျွန်ုပ်ကလေးများ၌ အလားတူစိတ်ထက်သန်မှုရှိသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ဝက်ဝံရုပ် နောက်တစ်ရုပ် တကယ်ပဲလိုအပ်ရဲ့လား ဟု ကျွန်ုပ်တွေးမိသည်။

စင်စစ် ၎င်းသည် လိုအပ်မှုနှင့်မသက်ဆိုင်ပါ။ ပစ္စည်းသစ်တစ်ခုခု၏ ဆွဲဆောင်မှု၊ သို့မဟုတ် သွားရည်ကျလောက်သည့် ရှေးဟောင်းရှားပါးပစ္စည်း၏ဆွဲဆောင်မှု ဖြစ်သည်။ တစ်စုံတစ်ခုက စိတ်ကိုဖမ်းစားထားလျှင် မိမိ၌ "ထိုအရာ"သာရှိလျှင် ဘဝကပိုကောင်းလာမည်ဟု ယုံမှတ်ရန်၊ ကျွန်ုပ်တို့ပျော်ရွှင်မည်၊ ကျေနပ်မည်ဟု သွေးဆောင်ခံရသည်။

သို့သော် မျှော်မှန်းထားသလို ဘယ်တော့မှဖြစ်မလာပါ။ အဘယ်ကြောင့်နည်း။ မိမိ၏လိုအင်ဆန္ဒများကို ကျေနပ်စေမည်ဟု‌ လောကမှပြောလာသည့် အရာဝတ္ထု များနှင့် မဟုတ်ဘဲ ကိုယ်တော်နှင့်ပြည့်ဝနေစေရန် ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်း ထားခြင်းကြောင့် ဖြစ်သည်။

ဤအားပြိုင်မှုက အသစ်မဟုတ်ပါ။ သုတ္တံကျမ်းက ကြွယ်ဝမှုနောက်လိုက် သည့်ဘဝနှင့် ဘုရားသခင်အားချစ်ခြင်းနှင့် ရက်ရောစွာပေးကမ်းခြင်း၌တည်သော ဘဝဟူသည့်…

အားသစ်အင်သစ်

အခြားသူကိုအစေခံနေစဉ် ကိုယ်တိုင်က ချုံးချုံးကျသွားရသူများ၏ဖြစ်ပုံကို စိတ်ရောဂါ အထူးကုဆရာဝန် ရောဘတ် ကိုးလ်က သတိပြုမိသည်။ ထိုသို့ ဖြစ်လျှင် ပထမဆုံးသတိပေးသည့် လက္ခဏာမှာ စိတ်ပင်ပန်းနွမ်းနယ်ခြင်းဖြစ်၏။ ထို့နောက် အရာရာကိုအကောင်းမမြင်တော့ဘဲ ခါးသီးခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ် ကျခြင်းတို့ဖြစ်လာပြီး နောက်ဆုံး ကိုယ်စိတ်နှလုံး ချုံးချုံးကျသွားတော့သည်။

ပျက်စီးသွားသည့်အိပ်မက်မှနိုးထလာခြင်းအကြောင်း စာအုပ်ကို ကျွန်တော် ရေးသားပြီးနောက် ညီလာခံ၌ပြောကြားရမည့်အကြောင်းအရာများနှင့် တစ်ဖန် အလုပ်ရှုပ်လာပြန်သည်။ စိတ်ပျက်အားငယ်မှုကြုံရပြီးနောက် မျှော်လင့်ခြင်းကိုလူတို့ ရှာတွေ့အောင် ကူညီခြင်းက အလွန်အကျိုးရှိသော်လည်း အဖိုးအခပေးရသည်။ တစ်နေ့က စင်မြင့်ပေါ်သို့တက်ခါနီးတွင် မေ့လဲသွားမလားဟုပင် ကျွန်တော်တွေးမိ သည်။ အိပ်ရေးက ပျက်၊ အပန်းဖြေခရီးသွားခဲ့လည်း စိတ်ပင်ပန်းမှုကို မပျောက်စေ ခဲ့ပါ။ အခြားသူများ၏ ပြဿနာများကို ကြားရမည်ဆိုသည့်အတွေးက ကျွန်တော့် ကို ပူပန်ထိတ်လန့်စေသည်။ ကိုးလ် တွေ့ရှိထားသော ပုံစံအတိုင်း ဖြစ်နေသည်။

ကိုယ်စိတ်နှလုံးချုံးချုံးကျခြင်းကိုအောင်နိုင်ရန် သမ္မာကျမ်းမှနည်းဗျူဟာနှစ်ခု ပေးထားသည်။ ဟေရှာယ…

ကြင်နာတတ်သူ

စိတ်ပျက်လက်ပျက်ဖြစ်ပြီး၊ ပိုမိုအဓိပ္ပာယ်ရှိသောဘဝကို လိုချင်သဖြင့် လီယွန် သည် ဘဏ္ဍာရေးဌာနမှအလုပ်ထွက်ခဲ့သည်။ ထို့နောက် တစ်နေ့တွင် “ကြင်နာမှု သည် အကောင်းဆုံးဆေးဖြစ်၏”ဟူသော ဆိုင်းဘုတ်ကိုကိုင်ထားသည့် အိမ်ယာမဲ့ တစ်ဦးကို သူတွေ့ခဲ့သည်။ “အဲဒီစကားတွေက ကျွန်တော့်ကိုတည့်တည့် လာမှန်တာပဲ။ အသိတရား တွေ ခေါင်းထဲဝင်လာတယ်”ဟု လီယွန် ပြောခဲ့သည်။

ကြင်နာမှုကိုမြှင့်တင်ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခြင်း ဖြင့် ဘဝသစ်စတင်ရန် လီယွန်ဆုံးဖြတ်ခဲ့သည်။ သူသည် သူ့အား အစားအသောက် ပေးသူ၊ ဆီဖြည့်ပေးသူ၊ တည်းခိုစရာနေရာပေးသူ သူစိမ်းများအပေါ်မှီခိုလျက် ကမ္ဘာအနှံ့ခရီးထွက်သည်။ ထို့နောက် သူ၏အဖွဲ့အစည်းမှတစ်ဆင့် မိဘမဲ့များကို ကျွေးမွေးခြင်း၊ ဆင်းရဲနွမ်းပါးသောကလေးများအတွက် ကျောင်းဆောက်ပေးခြင်း စသော ကောင်းမှုများအားဖြင့် ထိုသူတို့ကို ချီးမြှင့်သည်။ “ကြင်နာမှုက နူးညံ့ပျော့ပြောင်းတယ်လို့ထင်ရပေမယ့် ကြီးမားတဲ့ခွန်အားဖြစ်ပါတယ်”ဟု သူပြောသည်။

ဘုရားသခင်သည် ကောင်းမြတ်သည့်အတွက် သူ့ထံမှ အကြင်နာတရားက သဘာဝအတိုင်းစီးဆင်းနေကြောင်း ခရစ်တော်က အနှစ်ချုပ်ဖော်ပြသည်။ မုဆိုးမ၏ တစ်ဦးတည်းသောသား…

မီးပွားလေးမျှသာ

“ကျွန်မတို့အားလုံး စာကြည့်တိုက်ထဲရှိနေပြီး အပြင်ကမီးတောက်တွေကို မြင်နေရ တယ်။” သူကြောက်နေကြောင်း သူ့အသံမှတစ်ဆင့်ကြားရသည်။ ကျွန်တော်တို့ သူ့အသံကိုသိသည် - သမီး၏အသံဖြစ်သည်။ တစ်ချိန်တည်းတွင် ကောလိပ် ကျောင်းဝင်းကြီးက သူ့အတွက်အလုံခြုံဆုံးနေရာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့်လည်း သူနှင့်အတူရှိနေကြောင်း ကျွန်တော်တို့သိသည်။ ၂၀၁၈ ခုနှစ် ဝူးလ်စေး မီးလောင်မှုသည် မီးသတ်သမားများခန့်မှန်းမျှော်လင့်ထားသည်ထက် လျှင်မြန်စွာပျံ့နှံ့ခဲ့သည်။ ကယ်လီဖိုးနီးယားချိုင့်ဝှမ်းဒေသ၏စံချိန်တင်အပူချိန်၊ ခြောက်သွေ့မှု၊ နာမည်ကြီး စင်တာအယ်နာ လေရူးတို့ပေါင်းပြီး သေးငယ်သော မီးပွားများကို သယ်ဆောင်သွားကာ ဧကပေါင်း ၉၇၀၀၀ လောင်ကျွမ်းပြီး၊ အဆောက်အဦ ၁၆၀၀ ကျော်ပျက်စီးကာ လူသုံးဦး သေဆုံးခဲ့ရသည်။ မီးကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ရိုက်ထားသောဓာတ်ပုံ၌ ပုံမှန်စိမ်းလန်း စိုပြည်ခဲ့သော ပင်လယ်ကမ်းရိုးတန်းမှာ လ၏မျက်နှာပြင်နှင့် ဆင်တူနေတော့သည်။

ရှင်ယာကုပ်သြဝါဒစာ၌ သေးငယ်သော်လည်းအစွမ်းထက်သည့် မြင်းဇက်ကြိုး နှင့် သင်္ဘောတက်မ (၃:၃-၄)တို့ကို စာရေးသူက ဥပမာပေးရေးသားထားသည်။ ၎င်းတို့ကို…

စကားပြောသောငှက်ပျောသီးများ

"ဘယ်တော့မှအရှုံးမပေးနဲ့။" "လူတစ်ဦးဦးကို ပြုံးအောင်လုပ်ပေးပါ။" "မင်းက အံ့ဖွယ်ပါ။" "မင်းဘယ်ကလာလဲ။ နောက်ခံက အရေးမကြီးဘူး။ မင်းဦးတည်သွားမဲ့ ပန်းတိုင်သာ အရေးကြီးတာ။" စသည့်အားပေးစကားများနှင့် အခြားစာသားများ ကို ဗာဂျီးနီးယားပြည်နယ်၊ ကမ်းခြေမြို့ရှိ ကျောင်းသားများ၏နေ့လည်စာ စားသောက်ခန်းမှငှက်ပျောသီးများပေါ် ရေးထားခြင်းဖြစ်သည်။ စားသောက်ခန်း မန်နေဂျာ စတေစီ ထရူးမန်းက အချိန်ယူပြီး စိတ်ခွန်အားပေးသည့်စာများကိုရေးထားခြင်းဖြစ်သည်။ ကလေးများက ၎င်းကို "စကားပြောသောငှက်ပျောသီးများ"ဟု အမည်ပေးထားသည်။

ဤဂရုစိုက်မှုက ရှေးခေတ်အန္တိအုတ်မြို့ရှိ “ဝိညာဉ်ကလေးများ”ကို စောင်မသည့် ဗာနဗ၏စိတ်ထားနှလုံးသားကို ပြန်လည်အမှတ်ရစေသည် (တ ၁၁:၂၂-၂၄)။ ဗာနဗသည် တစ်ပါးသူတို့ကို စိတ်ခွန်အားပေးနိုင်သည့်သူ့စွမ်းရည်ကြောင့် ထင်ရှားသူဖြစ်သည်။ သူ့အား သူတော်ကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသူအဖြစ် လူတို့သိကြပြီး၊ သူက ယုံကြည်သူအသစ်များအား “ယုံကြည်သောစိတ်နှင့် သခင်ဘုရားကိုမှီဝဲဆည်းကပ်မည်အကြောင်း”(:၂၃) လှုံ့ဆော်အားပေးသည်။ သူမစလိုသူများနှင့်အချိန်ယူပြီး "ဆက်ပြီးဆုတောင်းပါ၊ ဘုရားကို ကိုးစားယုံကြည်ပါ၊ ဘဝမှာ ခက်ခဲတဲ့အခါ ဘုရားသခင်နဲ့နီးနီးကပ်ကပ်နေပါ" ဟူ၍…